Saturday 27 July 2013


မရေးတာ ကြာပြီး အဆက် ဆက်ရေး ပါသည်။
http://phomu.blogspot.sg/2012/08/blog-post_18.html


" ဖေါင်းတယ်" " ပိန်တယ်" ကို သေသေချာချာ မှတ်နိုင်သွား ပြီးလျှင် သတိပဋ္ဌာန် တရား ၄ ပါး ထဲ က ထင်ထင်ရှားရှား ဖြစ်ပေါ်လာတဲ့ တရား တပါး ကို မှတ်ခိုင်းပါတယ်။များသောအားဖြင့် ဝေဒနာ က ထင်၇ှားတဲ့ အတွက် ကျမ ကတော့ ဝေဒနာကို မှတ်ပါတယ်။

သို့ နှင့် ကျမ လည်း " ဖေါင်းတယ်" " ပိန်တယ်" မှတ်လိုက် ခြေထောက်နာ တာ မှတ်လိုက် ဟိုနေရာ နာ ဒီနေရာ ယား စသဖြင့် ရှုပ်ယှက်ခတ် နေအောင်မှတ် လိုက်။ ခြေထောက် ဟိုဖက်ပြောင်းဒီဖက်ပြောင်းလိုက်၊ ကြားထဲမှ တောင်တွေး မြောက်တွေး တွေကလည်း အများသား၊ များသောအားဖြင့် တွေးနေတာ တော်တော်ခ၇ီး ရောက်မှ သိရ၏ ။ ဒီလိုနှင့် တနာရီကုန် တဲ့ အသံလဲ ကြားရော ဟူး ဆိုပြီး လွတ်ပြီး ကျွှတ်ပြီ ဆိုတဲ့ စတိုင်နှင့် ခဏထ ၊ ပြီးတော့ စင်္ကြံ လျောက် တယ်။ 

ဒါပေမဲ့ ထူးထူး ခြားခြား ထမင်းစားပြီးအ ချိန် နေ့ ခင်း ၁ နာရီ မှ ၂ နာရီ အချိန်ကတော့ အချိန် ၁ နာရီ လို့ သာဆိုတယ် ခဏလေး နှင့် ပြည့်သွားတတ်တယ်။ ၁ နာရီ  ကြာတယ် လို့  တောင် မထင်ရပေ။ တော်တော် တရားမှတ်လို့ ကောင်းသား ။ ဆရာတော် ထံ တရားလျောက်တော့ ဘယ်အချိန် တရား မှတ်လို့  ကောင်းသလဲ မေးရင် ထမင်းစား ပြီး ထိုင်တဲ့ အချိန် လို့  ဖြေလိုက်သည်။ ကိုယ့်ကိုကိုယ် ထင်နေတာက ငါတယ်ဟုတ်ပါလား အဲဒီ အချိန်ဆို ၁ နာရီ လုံးလုံး စိတ် သိပ် မပြန့် လွင့်ဘဲ သေချာမှတ်နိုင်တယ်ပေါ့လေ။ သို့ သော် ၁၀ ရက် ကျော် ကျော် လောက် ရောက်တော့ မှ အဖြစ်မှန် ကို သိရ၏ ။ 

အဲဒီနေ့ က တရားထိုင်ကောင်းတဲ့ အချိန် ထမင်းစားပြီး အချိန်  နေ့ ခင်း ၁ နာရီ ကျော်ကျော် လောက်မှာ ပေါ့ ခေါင်း မှာ ရုတ်တရက် ပူ ခနဲ ခံစားရပြီး လန့် သွားသည်။ ဒီ ဝေဒနာ ထူးခြားပါကလား ငယ်ထိပ်တဲ့တဲ့ မှာ မှ ရုတ်တရက် ထူပူသွားပါလား တွေးနေတုန်း နောက်ထပ် တခါ ခေါင်းမှာ ပူခနဲ  ဖြစ်သွားပြန်တယ် ၊ နောက်ပြီး အသံ တသံကြားလိုက်သလို နှင့်  မျက်လုံးလဲဖွင့်ကြည့်လိုက်တော့၊ 

 အမလေး ရှေ့တည့်တည့် မှာ ဓမ္မာ ရုံစောင့်တဲ့ ဦးပဇင်း လက်ထဲမှာ သံပေတံလဲ ကိုင်ထားသေးတယ်။  နောက်ပြီး ကျမ ကိုပြောတယ် " ဆရာလေး အိမ်မငိုက် နှင့် တရားသေချာမှတ်"  တဲ့ ၊ ကျမလဲ သူခိုး လူမိ သလို့  ၇ှက်သွားပြီး တောင်ကြည့်မြောက်ကြည့် လိုက်မိတယ် ။ ဘေးက သူတွေ အားလုံး မျက်စီမှိတ်ထားတာတွေ့ တော့ မှ စိတ်သက်သာ ရာရသွားတယ် ။ 
ဒါပေမဲ့  ဘေးကပ် လျက် ကျမ နှင့် ရွယ်တူ သီလရှင်လေးကတော့ မျက်စီသာ မှိတ်ထားတယ် ပါးစပ်က ပြုံးနေသလိုဘဲ ။ 

တနာရီပြည့် လို့  ခဏ နားတဲ့ အချိန်လဲ ရောက်တော့၊ ဒီနေ့ က အရင်နေ့ တွေလို ခဏလေး မဟုတ်ပါလား၊ တော်တော်ကြာသားဘဲ ။ အင်း ငါတော့  နေ့ တိုင်းများ ဒီအချိန်ဆို အိပ်ငိုက်နေ သလားဆိုတာ သံသယ ၀င်သွားတာနှင့်
" ငါနေ့ တိုင်း အိပ်ငိုက်နေလား " လို့  ဘေးက သီလ၇ှင်ကို မေးမိတယ်။ ( အဲဒီ သီလ၇ှင် ကနောက်တော့ ကျမ နှင့် တော်တော် ခင်တဲ့ သူငယ်ချင်းဖြစ်သွားတယ် ) ။ 
သူမက - " နင်ဒီအချိန်ဆို အမြဲ အိပ်နေတာဘဲလေ " တဲ့  ။ သွားပါလေရော
သြော် အဲဒါကြောင့် ငါထင်နေတယ် ဒီအချိန်တွေ ဆို ခဏ လေးနှင့် တနာရီကုန်ကုန် သွားတာ လက်စသတ်တော့ တနာရီလုံးလုံး ငါအိပ်နေခဲ့တာကိုး 
အဲဒီတော့မှ  အဖြစ်မှန်ကို သိလိုက်ရ၏ ။ ကျမ အဖြစ် ကို တွေးပြီး ရယ်လိုက်မိသေးတယ် ။

ကျမ သူ့ ကို ပြန်မေးလိုက်တယ် နင်ရော အိပ်မငိုက်ဘူးလားဆိုတော့ " ငါလား ဒီအချိန်ဆို ရင် မျက်လုံးလေး နည်းနည်း ဖွင့်ပြီး အိပ်ငိုက်တဲ့ သူတွေ ကိုလိုက်ကြည့်နေတာ ၊ တအားရယ်ရတယ် သိလား ငါ့ရှေ့ ကရော ဘေးကရော တော်တော်များများ အိပ်ငိုက်နေတာ စနယား ခလုတ် တီးနေသလို ဘဲ တစ်ယောက်က ငိုက်ပြီး ခေါင်းစိုက်သွား လိုက် တစ်ယောက်က ခေါင်း ပြန် ထောင်လာလိုက်နဲ့  ဟီးဟီး " တဲ့ 


( တချို့  အိပ်မငိုက်ဘဲ သေသေချာချာ တရားမှတ်သူများလဲ ရှိပါသည်။ ) 

အဲဒီ နေ့ က စပြီး အဲဒီ အချိန်ရောက်ရင်  အရင်နေ့ တွေလို ခဏလေး နှင့် တနာရီ ကုန်သွားတဲ့  အဖြစ်မျိုး မဟုတ်တော့ပေ။


ဆက်ရန် ။


2 comments:

  1. တော်သေးတယ်အစ်မရေ. အ၇င်ပို့စ် လင့်လေးထည့်ပေးထားတာ အတော့အသုံးဝင်တယ်သိလား အရင်ဟာ သွားပြန်ဖတ်ရသေးတယ် ..ပိုစ့် က ၁နှစ်လောက်ကြာသွားပြီကို ..ဟီဟီ စတာနော် ဆက်ရေးပါအုံး အားရင်ပေါ့

    ReplyDelete